ပျူ လက်ကျန်ရှင်းတမ်း"တစ်သောင်းခြောက်ထောင်၊ ရွှေနန်းဘောင်၌ ဥသျှောင်ကေရှင်၊
ထုံးကယဉ်နှင့် ဆံပင်မြိတ်လွတ်၊ ရွှေခြေကွပ်သည် ပိတ်လျှပ်ဖြူထွား၊ ဝတ်ဆင်ငြားလျက် ဆင်းစံနတ်တူ ၊ မိန်ဉာဏ်ဖြူသည် ချစ်သူဇနီး ပျူလှတစ်ပါး "
(ပုဂံရာဇဝင်ဟောင်းမှ)
• အေဒီ ၁၀၇ မှ ၁၅၂
မဟာသမုဒ္ဒရာဇ်
ရွှေနန်းအရှင်
မြင်မြင်ချင်းတော်ကောက်
ပျူကလျာ 'စန္ဒာ' မိဖုရားဘဝရောက်ခဲ့ပေမယ့်
သမုဒ္ဒရာဇ်ကို 'စန္ဒာ' ချစ်ပါ့မလားလေ။
• ချစ်လော မချစ်လော
မစောကြောလို
ပျူကလျာ အလှ နတ်တမျှ
အလှဘုရင်ထိပ်ခေါင်
ရှင်ဘုရင်အကြိုက် ဆောင်လိမ့်မပေါ့။
• ပျူကလျာ စန္ဒာဒေဝီမှာ
ပန်းပဲအရာ ပြိုင်ဘက်ကင်းတဲ့
ငစိန့် ဆိုတဲ့ မောင်တော်အရင်းရှိလေသတဲ့။
• တစ်နေ့…ငစိန့်က
ယောက်ဖတော် ရှင်ဘုရင်ထံ
ဓားတစ်လက်ဆက်သ
ရွှေနန်းအရှင် ဓားအမြင်မှာ ဟန်မရလို့
ငစိန့် ဓားအစွမ်းပြခဲ့ပေမယ့်
နန်းရင်ပြင် တံခါးမှူးကြောင့်
ရှင်ဘုရင် အမျက်စူးလို့
ပန်းပဲငစိန့် မင်းဒဏ်သင့်အမိန့်ကျရပြီ။
• ဘုရင့်မဟေသီ
စန္ဒာဒေဝီမိဖုရား
ဘုရင့်မယားဘဝထက်
မောင်ျတာ့်ပြစ်ဒဏ်နဲ့အတူ
ပျူဆွေမျိုးတစ်သိုက်
ဘုရင်မသိခိုက်မှာ
ဝေးရာ…ေေေ ဝေးရာသို့ထွက်ခွာ။
• ပုဂံပြည်နဲ့ အလှမ်းကြီးကွာဝေးတဲ့
ပခန်းသံဖိုကြီးကတစ်ဆင့်
တောင်အထပ်ထပ် တောအသွယ်သွယ်
ယောနယ်ဒေသသို့ ဦးတည်ပြေးရပြန်ပြီ ။
• စန္ဒာကလျာ
တောတောင်ကိုကျော်ဖြတ်
ချောင်းမြောင်းကိုကူးခတ်
တရစပ်မနား မောပန်းအားကြီးလွန်းလို့
မိန်းမသားအားလုံး ရင်မှာတဘက်ထုံးနှောင်
သက်လုံခိုင်အောင် အပြုံးမပျက် ဆက်လက်ချီတက်။
• ရှင်ဘုရင်အမျက် တပ်ထွက်ရှာခိုင်း
လိုက်တိုင်းမမီ ကလျာ ရှာမတွေ့
ရှင်ဘုရင် ဘယ်ကြည်မွေ့နိုင်မလားလေ။
• အို……
ပျူစန္ဒာ မိဖုရားငယ်
နန်းရင်ပြင်ထက်
တောကိုတက်၊ တောင်ကိုကျော်
ပုန်းကွယ် ၊ လျှိုးဝှက်
ဘုရင့်အချစ်ထက်
ဘာကိုများ ချစ်လေမလားလေ။
• ယောနယ်က တောင်တန်း
အတက်က ကြမ်းသနဲ့
ယဲ့ယဲ့ကာ နွမ်းဟိုက်
တောင်အဝိုင်မှာ ပုန်းကွယ်
အသွယ်သွယ်စမ်းချောင်း
ကျေးငှက်အပေါင်းရဲ့အသံ
စန္ဒာ့ရင်ခုန်သံကလွဲပြီး
ဘာဆို……ဘာမှ…။
• ပုန်းတောင်ထိုမှ
စခန်းချ 'တန့်တည်း'
ကျင်းတူးပြီး ခိုအောင်း
နေရာသစ်ကို ပြောင်းဖို့စီမံ
အကြံရှာတော့ -- ညာသံပေးကာ တက်ကြဦးစို့တဲ့။
မှတ်ချက်
- ပုန်းကာတက်ရသည့်တောင်ကို ပုန်းတောင်မှ ယခု ပုံ
တောင်ဟုခေါ်ကြသည်။
- ညာသံပေးပြီးတက်ရသည့်တောင်ကို ပုန်းညာတောင်မှ
ပုံညာတောင်ဟုခေါ်ကြသည်။
- ပုံတောင်၏အနောက်ဘက် စခန်းချတန့်တည်းရာနေ
ရာသည် ယခုတန့်တည်းရွာအဖြစ် ထီးလင်းမြို့နယ်မှာ
တည်ရှိပါသည်။
- ကျင်းတူးခိုအောင်းသည့်နေရာသည် ယခု ထီလင်းမြို့န
ယ် ၊ ကျင်းရွာအဖြစ် တည်ရှိနေပါသည်။
• တက်ရပြန်ပြီတစ်ခါ
ပုန်းညာတောင်ထိပ်
တိမ်လိပ်တွေက ဆိုင်းဆိုင်း
မြူအမှိုင်းမှိုင်းမှာ
ကလျာ ဘယ်လောက် မောရှာနေမလားလေ။
• ပုံတောင် ၊ ပုံညာမှ သက်ဆင်း
သက်ပြင်းကိုယ်စီချနိုင်ကြ
မင်းဒဏ်ကလွတ်ရေး
ကြံဆအတွေးမှာ
အသံပြောင်း ၊ စကားပြောင်း
အသွင်ပြောင်းအသစ်ဖြင့်
တောင်သားလူမျိုး အဖြစ်ခံယူ
ပျူတစ်ဖြစ်လည်း တောင်သားပါပဲ။
• သြော်……
ကာလတွေရွေ့လျား
ပျူကလျာစန္ဒာ မျိုးဆက်များ
ရှိမှ ရှိပါ့ဦးမလား
စန္ဒာကိုယ်ပွါး ထားမှ ထားခဲ့ပါဦးမလား။
• တစ်ချိန်က……
စန္ဒာဒေဝီ ပြေးလွှားခဲ့ပုံရိပ်
စန္ဒာ့အပါး ၊ စန္ဒာ့အနားမှာ
ဖေးကူယုယ တစ်ဦးတစ်ယောက်မျှ ရှိပါလေစနော်။
• စန္ဒာကလျာအနား
မောင်ဘုရားတစ်ယောက်မရှိ
စန္ဒာသတ္တိကို ဘဝအရှိနဲ့
ကြည့်မိပါ၏
• ပုဂံရဲ့ ပဏ္ဏာ
မဏိစန္ဒာအပါး
ကျန်စစ်သားက လှံထမ်းစောင့်ရှောက်
နှလုံးသားထမ်းစောင့်ရှောက်
အသက်နဲ့လဲ စောင့်ရှောက်……ေ စောင့်ရှောက်။
• စန္ဒာဒေဝီ မဏိစန္ဒာ
စန္ဒာချင်းတူပေမယ့်
ဘဝချင်းခြားနား အလှချင်း ခြားနား
နှလုံးသားချင်း ခြားနား။
• တကယ်တော့ ……
အေဒီတစ်ရာစုက ကိုးရာစုအတွင်း
ပျူခေတ် အဆက်ဆက်
ပျူလူမျိုးတွေဖြန့်ကြက်ခဲ့ရာ
ပျူနွယ်ဆက် နှစ်ဆယ့်တစ်ရာစုလူသား
ဘယ်နေရာမှာ ပျူလက်ကျန်များ ရှိဦးမလားဘဲ ။
• ယောနယ်ရောက်
ပျူအလှ စန္ဒာ
ပျူ စာမျက်နှာသစ်ဖွင့်လှစ်
ကျစ်လျစ်စွာ ဖွဲ့စည်းခဲ့တဲ့တောင်သား
ပျူအဆက်အနွယ်လားတဲ့။
• နှစ်ဆယ့်တစ်ရာစု ယောနယ်ကတောင်သား
ပျူ မျိုးဆက်ဖွား ဟုတ် ၊ မဟုတ်
စစ်တမ်းထုတ်ကြည့်စို့ရဲ့။
• ပျူအစစ်သားအရိုးစု DNA တစ်ခု
ယ္ခု ယောနယ်က တောင်သားလူမျိုး DNA တစ်ခု
စမ်းသပ်တိုင်းတာမှု ပြုလိုက်ပါလျှင်
ရရှိအဖြေ DNA သည်
ဘာလော… ညာလော တွေးတောစရာများ
ရှိဦးမလားလေ ။
• ဟော……
ပျူ အမေ (အီး) က
သားငယ်ကို ပြောဖူးတယ်
မင်းပတ်ပါးက (အဘိုး) က
ဟိုး ပုပ္ပါးအရပ်မှာ ကျန်ခဲ့တယ်။
• တို့အမေ မင်းအဘွား (အပေါင်) က
အုန်းတွဲရွာအနား ပေါင်မင်းတောင် (အဘွားတောင်)
မှာ ရှိနေလေရဲ့။
မှတ်ချက်
တောင်သားစကားဖြင့် အဘိုးကို ပတ်ပါးဟုခေါ်ဆိုကြသည်။
ပုပ္ပါးတောင်ကို (အဘိုးတောင်)ဟုလက်ခံကြပါသည်။
တောင်သားစကားဖြင့် အဘွားကို အပေါင် ဟုခေါ်ဆိုကြပါသည်။ အဘိုးကို အပီးဟုလည်းခေါ်ပါသည်။
ပေါင်မင်းတောင် (အဘွားတောင်) သည်ထီးလင်းမြို့နယ် အုန်းတွဲရွာအနီးတွင်ရှိပါသည်။
• ပျူကလျာ စန္ဒာရဲ့အလှ
ယောနယ်ကတောင်သားသူအလှ
တစ်ထပ်တည်းကျ မကျ
သက်သေပြရရင်
ပီဏ ဂဏ ပီဏ ဝဒန
ပီဏ ထန ပီဏ ဥရု
ပီဏ ဇယန ဟုသျှတ္တရ ပါဠိတော်လာ
မိန်းမလှအင်္ဂါရပ်ငါးပါးနှင့်ပြည့်စုံ
နတ်မိမယ်ပုံသို့အလား
တောင်သားတွေ ပျူ ဟုတ် မဟုတ်
ပျူ လက်ကျန်ရှင်းတမ်းထုတ်ကြည့်ကြစို့ ။
ဖြည့်စွက်ဖော်ပြချက်
-ြ မြန်မာနိုင်ငံတွင် ပျူလူမျိုးအဆက်ဟုဆိုသည့်ပျူတစ်ဖြစ်လဲ တောင်သားလူမျိုးများသည် ယ္ခုအခါ မကွေးတိုင်း ဂန့်ဂေါခရိုင် ဂန့်ဂေါ ထီးလင်း ကျောက်ထု ဆော မြို့နယ်အတွင်းကျေးရွာပေါင်း (၅၄)ရွာတွင်၎င်း ၊ စေတုတၳရာမြို့နယ်တွင်ရွာ(၃) ရွာတွင်၎င်း ၊ နေထိုင်လျက်ရှိပါသည်။
ကိုးကားချက်
• ယောမြို့က ပြန်ခဲ့တယ် (ဝင်းနွယ်၊ သစ်တော)
• လွမ်းဖွယ်ပေါတဲ့ တို့ယောမြေ (ေ ဒေါက်တာသက်လွင် )
• အရှင်ပဏ္႑ိတ (ဝက်သက်မြောက်ကျောင်းဆရာတော်)၏ မှတ်တမ်းများ
တီ-တီ- အေ (ေ ခေတ္တယောမြေ )
ပြန်လည်မျှဝေခံစားစေသည် > > > > > > > >
K.T [ 22:53 ]
ထုံးကယဉ်နှင့် ဆံပင်မြိတ်လွတ်၊ ရွှေခြေကွပ်သည် ပိတ်လျှပ်ဖြူထွား၊ ဝတ်ဆင်ငြားလျက် ဆင်းစံနတ်တူ ၊ မိန်ဉာဏ်ဖြူသည် ချစ်သူဇနီး ပျူလှတစ်ပါး "
(ပုဂံရာဇဝင်ဟောင်းမှ)
• အေဒီ ၁၀၇ မှ ၁၅၂
မဟာသမုဒ္ဒရာဇ်
ရွှေနန်းအရှင်
မြင်မြင်ချင်းတော်ကောက်
ပျူကလျာ 'စန္ဒာ' မိဖုရားဘဝရောက်ခဲ့ပေမယ့်
သမုဒ္ဒရာဇ်ကို 'စန္ဒာ' ချစ်ပါ့မလားလေ။
• ချစ်လော မချစ်လော
မစောကြောလို
ပျူကလျာ အလှ နတ်တမျှ
အလှဘုရင်ထိပ်ခေါင်
ရှင်ဘုရင်အကြိုက် ဆောင်လိမ့်မပေါ့။
• ပျူကလျာ စန္ဒာဒေဝီမှာ
ပန်းပဲအရာ ပြိုင်ဘက်ကင်းတဲ့
ငစိန့် ဆိုတဲ့ မောင်တော်အရင်းရှိလေသတဲ့။
• တစ်နေ့…ငစိန့်က
ယောက်ဖတော် ရှင်ဘုရင်ထံ
ဓားတစ်လက်ဆက်သ
ရွှေနန်းအရှင် ဓားအမြင်မှာ ဟန်မရလို့
ငစိန့် ဓားအစွမ်းပြခဲ့ပေမယ့်
နန်းရင်ပြင် တံခါးမှူးကြောင့်
ရှင်ဘုရင် အမျက်စူးလို့
ပန်းပဲငစိန့် မင်းဒဏ်သင့်အမိန့်ကျရပြီ။
• ဘုရင့်မဟေသီ
စန္ဒာဒေဝီမိဖုရား
ဘုရင့်မယားဘဝထက်
မောင်ျတာ့်ပြစ်ဒဏ်နဲ့အတူ
ပျူဆွေမျိုးတစ်သိုက်
ဘုရင်မသိခိုက်မှာ
ဝေးရာ…ေေေ ဝေးရာသို့ထွက်ခွာ။
• ပုဂံပြည်နဲ့ အလှမ်းကြီးကွာဝေးတဲ့
ပခန်းသံဖိုကြီးကတစ်ဆင့်
တောင်အထပ်ထပ် တောအသွယ်သွယ်
ယောနယ်ဒေသသို့ ဦးတည်ပြေးရပြန်ပြီ ။
• စန္ဒာကလျာ
တောတောင်ကိုကျော်ဖြတ်
ချောင်းမြောင်းကိုကူးခတ်
တရစပ်မနား မောပန်းအားကြီးလွန်းလို့
မိန်းမသားအားလုံး ရင်မှာတဘက်ထုံးနှောင်
သက်လုံခိုင်အောင် အပြုံးမပျက် ဆက်လက်ချီတက်။
• ရှင်ဘုရင်အမျက် တပ်ထွက်ရှာခိုင်း
လိုက်တိုင်းမမီ ကလျာ ရှာမတွေ့
ရှင်ဘုရင် ဘယ်ကြည်မွေ့နိုင်မလားလေ။
• အို……
ပျူစန္ဒာ မိဖုရားငယ်
နန်းရင်ပြင်ထက်
တောကိုတက်၊ တောင်ကိုကျော်
ပုန်းကွယ် ၊ လျှိုးဝှက်
ဘုရင့်အချစ်ထက်
ဘာကိုများ ချစ်လေမလားလေ။
• ယောနယ်က တောင်တန်း
အတက်က ကြမ်းသနဲ့
ယဲ့ယဲ့ကာ နွမ်းဟိုက်
တောင်အဝိုင်မှာ ပုန်းကွယ်
အသွယ်သွယ်စမ်းချောင်း
ကျေးငှက်အပေါင်းရဲ့အသံ
စန္ဒာ့ရင်ခုန်သံကလွဲပြီး
ဘာဆို……ဘာမှ…။
• ပုန်းတောင်ထိုမှ
စခန်းချ 'တန့်တည်း'
ကျင်းတူးပြီး ခိုအောင်း
နေရာသစ်ကို ပြောင်းဖို့စီမံ
အကြံရှာတော့ -- ညာသံပေးကာ တက်ကြဦးစို့တဲ့။
မှတ်ချက်
- ပုန်းကာတက်ရသည့်တောင်ကို ပုန်းတောင်မှ ယခု ပုံ
တောင်ဟုခေါ်ကြသည်။
- ညာသံပေးပြီးတက်ရသည့်တောင်ကို ပုန်းညာတောင်မှ
ပုံညာတောင်ဟုခေါ်ကြသည်။
- ပုံတောင်၏အနောက်ဘက် စခန်းချတန့်တည်းရာနေ
ရာသည် ယခုတန့်တည်းရွာအဖြစ် ထီးလင်းမြို့နယ်မှာ
တည်ရှိပါသည်။
- ကျင်းတူးခိုအောင်းသည့်နေရာသည် ယခု ထီလင်းမြို့န
ယ် ၊ ကျင်းရွာအဖြစ် တည်ရှိနေပါသည်။
• တက်ရပြန်ပြီတစ်ခါ
ပုန်းညာတောင်ထိပ်
တိမ်လိပ်တွေက ဆိုင်းဆိုင်း
မြူအမှိုင်းမှိုင်းမှာ
ကလျာ ဘယ်လောက် မောရှာနေမလားလေ။
• ပုံတောင် ၊ ပုံညာမှ သက်ဆင်း
သက်ပြင်းကိုယ်စီချနိုင်ကြ
မင်းဒဏ်ကလွတ်ရေး
ကြံဆအတွေးမှာ
အသံပြောင်း ၊ စကားပြောင်း
အသွင်ပြောင်းအသစ်ဖြင့်
တောင်သားလူမျိုး အဖြစ်ခံယူ
ပျူတစ်ဖြစ်လည်း တောင်သားပါပဲ။
• သြော်……
ကာလတွေရွေ့လျား
ပျူကလျာစန္ဒာ မျိုးဆက်များ
ရှိမှ ရှိပါ့ဦးမလား
စန္ဒာကိုယ်ပွါး ထားမှ ထားခဲ့ပါဦးမလား။
• တစ်ချိန်က……
စန္ဒာဒေဝီ ပြေးလွှားခဲ့ပုံရိပ်
စန္ဒာ့အပါး ၊ စန္ဒာ့အနားမှာ
ဖေးကူယုယ တစ်ဦးတစ်ယောက်မျှ ရှိပါလေစနော်။
• စန္ဒာကလျာအနား
မောင်ဘုရားတစ်ယောက်မရှိ
စန္ဒာသတ္တိကို ဘဝအရှိနဲ့
ကြည့်မိပါ၏
• ပုဂံရဲ့ ပဏ္ဏာ
မဏိစန္ဒာအပါး
ကျန်စစ်သားက လှံထမ်းစောင့်ရှောက်
နှလုံးသားထမ်းစောင့်ရှောက်
အသက်နဲ့လဲ စောင့်ရှောက်……ေ စောင့်ရှောက်။
• စန္ဒာဒေဝီ မဏိစန္ဒာ
စန္ဒာချင်းတူပေမယ့်
ဘဝချင်းခြားနား အလှချင်း ခြားနား
နှလုံးသားချင်း ခြားနား။
• တကယ်တော့ ……
အေဒီတစ်ရာစုက ကိုးရာစုအတွင်း
ပျူခေတ် အဆက်ဆက်
ပျူလူမျိုးတွေဖြန့်ကြက်ခဲ့ရာ
ပျူနွယ်ဆက် နှစ်ဆယ့်တစ်ရာစုလူသား
ဘယ်နေရာမှာ ပျူလက်ကျန်များ ရှိဦးမလားဘဲ ။
• ယောနယ်ရောက်
ပျူအလှ စန္ဒာ
ပျူ စာမျက်နှာသစ်ဖွင့်လှစ်
ကျစ်လျစ်စွာ ဖွဲ့စည်းခဲ့တဲ့တောင်သား
ပျူအဆက်အနွယ်လားတဲ့။
• နှစ်ဆယ့်တစ်ရာစု ယောနယ်ကတောင်သား
ပျူ မျိုးဆက်ဖွား ဟုတ် ၊ မဟုတ်
စစ်တမ်းထုတ်ကြည့်စို့ရဲ့။
• ပျူအစစ်သားအရိုးစု DNA တစ်ခု
ယ္ခု ယောနယ်က တောင်သားလူမျိုး DNA တစ်ခု
စမ်းသပ်တိုင်းတာမှု ပြုလိုက်ပါလျှင်
ရရှိအဖြေ DNA သည်
ဘာလော… ညာလော တွေးတောစရာများ
ရှိဦးမလားလေ ။
• ဟော……
ပျူ အမေ (အီး) က
သားငယ်ကို ပြောဖူးတယ်
မင်းပတ်ပါးက (အဘိုး) က
ဟိုး ပုပ္ပါးအရပ်မှာ ကျန်ခဲ့တယ်။
• တို့အမေ မင်းအဘွား (အပေါင်) က
အုန်းတွဲရွာအနား ပေါင်မင်းတောင် (အဘွားတောင်)
မှာ ရှိနေလေရဲ့။
မှတ်ချက်
တောင်သားစကားဖြင့် အဘိုးကို ပတ်ပါးဟုခေါ်ဆိုကြသည်။
ပုပ္ပါးတောင်ကို (အဘိုးတောင်)ဟုလက်ခံကြပါသည်။
တောင်သားစကားဖြင့် အဘွားကို အပေါင် ဟုခေါ်ဆိုကြပါသည်။ အဘိုးကို အပီးဟုလည်းခေါ်ပါသည်။
ပေါင်မင်းတောင် (အဘွားတောင်) သည်ထီးလင်းမြို့နယ် အုန်းတွဲရွာအနီးတွင်ရှိပါသည်။
• ပျူကလျာ စန္ဒာရဲ့အလှ
ယောနယ်ကတောင်သားသူအလှ
တစ်ထပ်တည်းကျ မကျ
သက်သေပြရရင်
ပီဏ ဂဏ ပီဏ ဝဒန
ပီဏ ထန ပီဏ ဥရု
ပီဏ ဇယန ဟုသျှတ္တရ ပါဠိတော်လာ
မိန်းမလှအင်္ဂါရပ်ငါးပါးနှင့်ပြည့်စုံ
နတ်မိမယ်ပုံသို့အလား
တောင်သားတွေ ပျူ ဟုတ် မဟုတ်
ပျူ လက်ကျန်ရှင်းတမ်းထုတ်ကြည့်ကြစို့ ။
ဖြည့်စွက်ဖော်ပြချက်
-ြ မြန်မာနိုင်ငံတွင် ပျူလူမျိုးအဆက်ဟုဆိုသည့်ပျူတစ်ဖြစ်လဲ တောင်သားလူမျိုးများသည် ယ္ခုအခါ မကွေးတိုင်း ဂန့်ဂေါခရိုင် ဂန့်ဂေါ ထီးလင်း ကျောက်ထု ဆော မြို့နယ်အတွင်းကျေးရွာပေါင်း (၅၄)ရွာတွင်၎င်း ၊ စေတုတၳရာမြို့နယ်တွင်ရွာ(၃) ရွာတွင်၎င်း ၊ နေထိုင်လျက်ရှိပါသည်။
ကိုးကားချက်
• ယောမြို့က ပြန်ခဲ့တယ် (ဝင်းနွယ်၊ သစ်တော)
• လွမ်းဖွယ်ပေါတဲ့ တို့ယောမြေ (ေ ဒေါက်တာသက်လွင် )
• အရှင်ပဏ္႑ိတ (ဝက်သက်မြောက်ကျောင်းဆရာတော်)၏ မှတ်တမ်းများ
တီ-တီ- အေ (ေ ခေတ္တယောမြေ )
ပြန်လည်မျှဝေခံစားစေသည် > > > > > > > >
K.T [ 22:53 ]