ဆန်ပြုတ်
ဆန်ပြုတ်ဟုဆိုလိုက်သည်နှင့် လူတိုင်းသိပြီးဖြစ်ပါတယ်။ နောက်တစ်ခုက ဆန်ပြုတ်ဆိုတော့ ဘာမှအထူးအဆန်းလည်းမဟုတ်ဘူးလို့ထင်တတ်ကြပါတယ်။ တကယ်ပဲမဆန်းပါဘူး ဒါပေမယ့် ဥတုရာသီမရွေး လူမျိုးမရွေး အသက်ရွယ်မရွေးစားကောင်းတဲ့ စားသုံးနိုင်တဲ့ သရေစာ၊ ကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်တတ်တဲ့ အစားအစာလေးတစ်မျိုးပါ။ ပညတ်သွားရာဓါတ်သက်ပါအောင် ဆေးဝါးဓါတ်စာတွေစားကြသည်။ ဆိုလိုသည်မှာ - " ဘယာကြော် " သည်ဘေးဘယာကျော်သွားအောင်စားသည်။ ဘယာကြော်ကိုအလယ်ကဖောက်ပြီး ကွင်းကလေးဖြစ်အောင်ကြော်သည်မှာ - ဘေးဘယာကျော်ရုံသာမက ကွင်းသွားစေရမယ်ဆိုတဲ့သဘောအဖြစ်လည်းကောင်း၊ ကြာဇံကျွေးသည်မှာ -ကြာကြာစံရအောင်ဆိုတဲ့ သဘောအဖြစ်လည်ကောင်း၊ တချို့ကမတ်ပဲထည့်သည်မှာ မားမားမတ်မတ် ရပ်တည်အောင်ဆိုသည့်အတိတ်နိမိတ်ဆိုတဲ့သဘောဖြင့်လည်းကောင်း ဤကဲ့သို့ပင် ဆန်ပြုတ်တိုက်သည်မှာ ရောဂါဝေဒနာတွေဆုတ်ပြန်သွားအောင်ပြောခြင်း ကျွေးခြင်းဖြစ်ပါသည်။
ယာဂု = ဆန်ပြုတ် ဟူ၍ဖွင့်ဆိုထားသည်။
ပဉ္စင်္ဂုတ္တရပါဠိတော်၌ ဗုဒ္ဓဘုရားရှင်က ယာဂု ( ခေါ် ) ဆန်ပြုတ်နှင့်ပါတ်သက်၍ဤသို့ဟောကြားတော်မူပါသည်။
ရဟန်းတို့ ယာဂုအကျိုး ငါးပါးရှိ၏
(၁) ဆာလောင်ခြင်းကို ပျောက်စေ၏
(၂) မွတ်သိပ်ခြင်းကို ပျောက်စေ၏
(၃) လေကိုအောက်သို့ သက်စေ၏
(၄) ဆီးအိမ်အတွင်းမှ ဆီးဟောင်းများသုတ်သင်၏
(၅) အစာကိုကြေညက်စေ၏
ယာဂု (ခ) ဆန်ပြုတ်နှင့်ပါတ်သက်၍ရှေးကရေးသားစပ်ဆိုခဲ့ကြသောကဗျာလင်္ကာများအနက် ဒုတိယအင်းဝခေတ် တနင်္ဂနွေမင်းလက်ထက် ထင်ရှားစာဆိုတော် ဆီသည်ရွာစား (ဦးအောင်ကြီး) က" ရပ်ရှစ်မျက်နှာ သံဃာတို့အား ဆယ်ပါးဝတၳု ယာဂုအဖျော် ပူဇော်ရွှင်ပြုံး ပွဲမဆုံးလျှင် မီးပုံးသဘင် သူကြီးပင်တည့် ရောက်ချင်နိဗ္ဗာန် ကျွန်းတည့်လေး " ဟူ၍၎င်း ဆရာကြီးဦးပုညရေအလှူခံမေတ္တာစာ၌ " ယာဂုထမနဲ အိုးကြီးကွဲကာမှ စွန့်ကြဲသည့်ဒါနလည်း နိပ္ဖလမဆိုတာ " ဟူ၍တဖုံ ဗုဒ္ဓဘုရားရှင်လက်ထက်တော်အခါက ပုဗ္ဗါရုံကျောင်းအမကြီး ဝိဿခါသည်မြတ်စွာဘုရားအား ဤသို့ လျှောက်ထားတော်မူ၏ အရှင်ဘုရား ……ဘိက္ခုများကိုအဝတ်အထည်လှူဒါန်းလိုပါသည်။ ဆွမ်းလည်းလှူဒါန်းလိုပါ၏ မကျန်းမာသော ဘိက္ခူများကိုလည်း ယာဂုဆန်ပြုတ်တို့ကို တပည့်တော်မ အသက်ထက်ဆုံး ကျွေးမွေးလိုပါ၏ဘုရား ……ဟုလျှောက်ထားသောအခါ ဘုရားရှင်က ခွင့်ပြုတော်မူခဲ့သည်။
ထို့ကြောင့် ဆန်ပြုတ် (ခ) ယာဂု (ခ) ပေယျာ = အလွန်ကြေလွယ်သော ယက်မန်းရည် (ဆန်ပြုတ်အရည်ကျဲကျဲ) ဟု၎င်း ၊ လိုအပ်သောအခါ သုံးဆောင်ခြင်းဖြင့် ကျန်းမာခြင်း ချမ်းသာခြင်း သုခအပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေရန် ရေးသားလိုက်ရပါသည်……
K.T (09:10)AM