ရှဥ့်မတက် အမျိုးသားအားဆေး
၁။ ရှဥ့်မတက်ဥ (ခ) သားများဥ ၁၅ ကျပ်သား
၂။ နွယ်ချို ( အမြစ် ) ၁၅ ကျပ်သား
၃။ ဆီးဖြူသီး ၁၅ ကျပ်သား
၄။ ပျားရည် ၂၅ ကျပ်သား
၅။ ထောပတ် ၂၅ ကျပ်သား
၆။ သကြား ၂၅ ကျပ်သား
ရှဥ့်မတက်ဥနှင့် နွယ်ချိုတို့ကို အမှုန့်ပြုပါ။ ဆီးဖြူသီးကိုလည်း အခြောက်လှန်းအမှုန့်ပြုပါ။ ထောပတ်၊ သကြား ၊ ပျားရည် တို့ကိုရော၍ ဇလုံတစ်ခုထဲထည့်ပါ။ နေနှင့်ချက်ပါ။
နံနက် ဟင်းစားဇွန်းတစ်ဇွန်း
ညနေ ဟင်းစားဇွန်းတစ်ဇွန်း စားသုံးပါ။
ပျောက်ကင်းနိုင်သော ရောဂါများ
သွေးတိုး၊ လေငန်း၊ နားထိုင်း ၊ နားအူ၊ မျက်စိမှုန်၊ ပန်းသ၊ ပန်းညှိုး အာရုံကြောအားနည်းခြင်းတို့ ပျောက်ကင်းစေပါသည်။
နွယ်ချိုသည် ခွန်အားကိုဖြစ်စေသည် ။ သုတ်ပိုးကိုပွါးစေ၏။ ရှဥ့်မတက်ဆေးသည် အစာအိမ်လမ်းကြောင်း ကောင်းစေသည့်အပြင် ယောက်ကျားများစားသုံးသောအခါ ယောကျာၤးပီတ၍ ကျားကျားလျားလျား အားဖြစ်ကြောင်းကိုတွေ့ရပါသည်။
( သားသ္မီးများများမွေးနိုင်စွမ်းရှိလို့ သားများဥလို့ ခေါ်ခြင်းဖြစ်ပါသည်။)
ရှမ်းပြည်တောင်းပိုင်းရှိ ရွာငံမြို့ အခေါ်အဝေါ်ဖြစ်ပါသည်။
ဆီးကျန်ရောဂါ
ငရုပ်ကောင်းတစ်ကျပ်သား ၊ မြင်းခွာရွက်အခြောက်သုံးကျပ်သား၊ အမှုန့်ထောင်း ပျားရည်ဖြင့်တေ၍ဆီးကင်းခန့်အလုံးကလေးများ ပြုလုပ်ပါ။ ဆီးခဏခဏသွားနေသူ၊ ဆီးကျန်ရောဂါဖြစ်နေသူတို့အား တစ်နေ့ (၃) လုံးနှုန်း ကျွေးပေးပါက ပျောက်ကင်းချမ်းသာစေပါသည် ။
ဆီးသွားရာ၌ သွေးပါသော်
အညောင်းထိုင်သူများ၊ ရေအေး အလွန်ချိုးသူများ အပူအစပ်အလွန်စားသူများဆီးသွားသောအခါ သွေးပါတတ်ပါသည်။
ပျောက်ကင်းရန်အတွက် ----
ငရုတ်ကောင်း(၇) စေ့ ၊ ထန်းလျက် (၅)ကျပ်သား၊ ရေအချိုပန်းကန်လုံး (၃)လုံးထည့်၍ကြိုပါ။ ဆူပွက်သောအခါ အအေးခံထားပြီး အချိုပန်းကန်တစ်ဝက်ခန့်ထိုပြုတ်ရည်ကို သောက်ပေးပါက အပူငြိမ်းပြီး ဆီးထဲသွေးပါသူ အမြန်ပျောက်ကင်း ချမ်းသာစေပါသည်။
မှတ်ချက် ဆေးကျမ်းစာအုပ်မှကူးယူမျှဝေခြင်းဖြစ်ပါသည်။
ကိုယ်ရောကျန်းမာ စိတ်ချမ်းသာ လိုအင်ဆန္ဒ ပြည့်ပါစေ…