Tuesday, August 21, 2018

        သွားလမ်းလာလမ်းဖြောင့်တန်းစေ   

       [ ခရီးသွားလာ အန္တရာယ်ကင်း ဂါထာ ]


ဤနည်းကို ဆရာတော်ကြီး ဘဒ္ဒန္တပညာလင်္ကာရသည်ခရီးထွက်ကြွတိုင်းတွင်သုံးကြိမ်တိုင်တိုင်ရှိခိုးရွတ်ဆို ဆုတောင်းဦးချပြီးကာမှကြွရောက်သဖြင့်လမ်းခရီးတွင်အနှောက်အယှက်အန္တရာယ်ကင်းရှင်းစွာဖြင့် လိုရာခရီးရောက်ရှိရုံသာမက ရည်ရွယ်ချက် အလုပ်ကိစ္စဟူသမျှတိုင်းသည်လည်း အောင်မြင်ပြီးမြောက်ခဲ့ကြောင်းကြားသိရသည်။

၁။ မြတ်စွာဘုရားရှင်ကို ပထမဦးဆုံး …

   (၁) ကြိမ်ဦးချကာ ကန်တော့ပါ …



၂။ လက်အုပ်ချီပြီး ရွတ်ဆိုရန် …

   ဘုရား တရား သံဃာ ရတနာမြတ်သုံးပါး မိဘဆရာ

   သမားအနနေ္တ အနန္တ ငါးပါးတို့၏ဂုဏ်တော်များကိုရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပူဇော်ဖူးမြော် မာန်လျော့ကန်တော့လိုက်ပါ၏ အရှင်မြတ်ကြီးတို့ဘုရား ။

 ( နောက် ၁ ကြိမ် ဦးချ ကန်တော့ပါ )



၃။ ဇိနော ဇယံဓမ္မံ

     သစ္စယနေ္တာ ဇယာကရေ

     ဇိတွာ မာရံ ဇိနာပေတ

     သော မေ ဒေရ ဇယံ ဇိနော။



၄။ ဘဝသော တံ ဟဝေဗုဒေ္ဓါ

     တိဏေ္ဏာ လောကန္တဂူ ဝိဒူ

     ဧတေန သစ္စ ဝဇေ္ဇန

     ဂမနံ မေ သမိဇ္ဈတု



၅။ ယဒိ သန္တိဂမော မဂေ္ဂါ

     မောကေ္ခာ စစ္စန္တိတံ သုခံ

     ဧတေန သစ္စဝဇေ္ဇန

     ဂမနံ မေ သမိဇ္ဈတု ။



၆။ သံဃော ဝေ တိဏ္ဏကန္တရော

     ပုညခေတ္တာ အနုတ္တရော

     ဧတေန သစ္စဝဇေ္ဇန

     ဂမေနံ မေ သမိဇ္ဈတု။



ဆုတောင်း… ဤကောင်းမှုကြောင့်ဘုရားတပည့်တော်သည် ဘေးရန်ကင်းကွာ စိတ်ချမ်းသာ၍ ကြံစည်ပြီးမြောက် သွားတိုင်းရောက်ခါ အစစအရာရာ၌ အောင်မြင်ရပါလို၏ အရှင်ဘုရား အောင်မြင်ရာအောင်မြင်ကြောင်း အောင်ဆုကို တပည့်တော်အား ပေးသနားတော်မူပါ အရှင်မြတ်ကြီးဘုရား ။ ဤကဲ့သို့ ဆုတောင်း၍ (၁)ကြိမ်ဦးချကန်တော့ပြီး ချက်ချင်းခရီးစထွက်ပါ။



     ( ရန်ကုန်မြို့ မြောက်ဥက္ကာလာပမြို့နယ် (၂) ရပ်ကွက် ဒေါနလမ်းရှိအာသာဝတီတိုက်ပညာမဏ္ဏိုင်ကျောင်းတိုက်မှ သစ္စာမဟိဒ္ဓိဆရာတော်ကြီး ဘဒ္ဒန္တပညာလင်္ကာရ မှ ချီးမြှင့်တော်မူခြင်းဖြစ်သည် ။)



     ခရီးသွားလာ ဘေးကင်းကွာ လိုအင်ဆန္ဒပြည့်ဝကြပါစေ ~~~~~

                   19:10 PM





     






No comments:

Post a Comment

သဗ္ဗညု ကျောက်စိမ်းစေတီတော်

 မြန်မာပြည်တွင်ကျောက်စိမ်းစတီ(၂)ဆူရှိပါတယ်။ တစ်ဆူကအမရပူရမြို့နယ်မှာရှိပြီး တစ်ဆူကတော့ နွားထိုးကြီးမြို့နယ် မှာတစ်ဆူရှိပါတယ်။ ယခုပုံမှာ နွားထ...