Sunday, August 19, 2018

          ဖြစ်မြဲစဉ်လာထက်ကျော်လွန်၍

            ဖြစ်တတ်သောနိမိတ်ထူးများနှင့်

                       အကျိုးအပြစ်



ကြက်မတွန်မူ ကြက်ရှင်အန္တရာယ်ရှိ၏ မသတ်နှင့် ဝေးရာသို့ ပို့လေ။

  နွားငယ်တွန်လျင် ထိုနွားအရှင် အကြီးအကဲဖြစ်တတ်၏ ။

မွေနှင့်ဖား၊ ကြောင်နှင့်ကြွက် ၊ ကျားနှင့်ဝက် ၊ ကျီးနှင့် ဇီးကွက် ၊ ဒီးဒုတ်စသော မသင့်သောသတ္တဝါများ သင့်မြတ်သည်ကိုမြင်လျှင် နီးဝေးမဟူ အချင်းချင်းသင့်မြတ်ကြ၏ ။

  တောတိရစၧာန် တစ်စုံတစ်ခု ရွားတွင်းဝင်မူ ထိုရွာ၏ အကြီးအကဲ အပြောင်းအလွှဲ ပေါ်ပေါက်ရတတ်၏ ။

  မိမိကိုးကွယ်သောဘုရားရုပ်ထု ချွေးထွက်လျှင် ၊ မျက်တောင်ခတ်သည် ၊ နှာတော်လှုပ်သည် နှုပ်ခမ်းတော်လှုပ်သည်ကိုထင်မြင်ရလျှင်ကိုးကွယ်သူ အန္တရာယ်ဖြစ်အံ့။

  ရွာလုံးမြို့လုံး နယ်လုံးကိုးကွယ်သောဘုရားရုပ်ထုတော်များ ထိုအလားတူဖြစ်လျှင် ထိုရွာ ၊ ထိုမြို့ ၊ ထိုနယ် အန္တရာယ်ကြီးဖြစ်အံ့။

  ဘုရား ပုထိုး ရောင်တော်ကွန်မြူးလျှင် ထိုဘုရားပုထိုးဆိုင်ရာမြို့နယ်ရွာနယ် အကြီးအကဲများ ပျက်စီးအံ့ ။

  အိမ်ခြံဝင်းအတွင်းရှိ အထိကရ သစ်ပင်ကြီးအလိုလိုခြောက်သွေ့သွားသော် လေမလာပဲ လဲပြိုသော်လထိုအိမ်ခြံဝင်းရှင် ဥပဒ်အမျိုးမျိုးဖြစ်အံ့။

  ရွလုံးကျွတ်နှင့်ဆိုင်သောအထိကရသစ်ပင်ကြီးအလားတူအလိုလိုခြောက်သွေ့သော် လေမလာဘဲ လဲပြိုသော်ထိုရွာအန္တရာယ်မျိုး မကြာခဏ သင့်အံ့ ။

  တိရစၦာန်သော်၎င်း ။ လူသော်၎င်း ၊ ဓမ္မတာထက် ကျော်လွန်၍ ခေါင်းနှစ်ခု ၊ကိုယ်နှစ်ခု ခြေမပေါက်ရမည့်နေရာဝယ်ခြေ ၊ လက်မပေါက်ရမည့်နေရာဝယ် လက်ပေါက်ခြင်း စသည်ဖြင့် ဖြစ်ပွားပေါ်ပေါက်ခဲ့သော် ထိုဆိုင်ရာသူများ ပြုန်းတီးအံ့ ။

  လူက ဘီလူးမွေးခြင်း ၊ဝက်ကခွေးမွေးခြင်း ဆင်မွေးခြင်းစသောဖြစ်မြဲမဟုတ်သော မွေးဖွားခြင်းများဖြစ်သော် ရန်အန္တရာယ် ကပ်သုံးပါး ဆိုက်တတ်၏ ။

  ဆင်မ, သည်မုန်ယိုသော် ဆင်ထီးကဲ့သို့ အဆွယ်ကြီး ရှည်ရှည်ပေါက်သော် ထိုမြို့ပြပြည်ရွာ ရန်အန္တရာယ်များ၏ ။

  ကြက်ဖသည် ဥခဲ့သော် မတူသော်များ အကြီးအကဲများဖြစ်တတ်၏ ။

  နွားနို့ကို ကြောင်စို့ခြင်း ဝက်နို့ကိုခွေးစို့ခြင်း ုဖြစ်မူရောဂန္တရကပ် ဆိုက်ရောက်တတ်၏ ။

  အကြင်မိန်းမသည် တစ်ကြိမ်တွင် နှစ်ယောက်ထက်ပိုသော ကလေးများကို ဖွားမြင်သော် ထိုမိန်းမနေရာ မြို့ရွာတွင် ရန်အန္တရယ် ရှိတတ်၏ ၊

  အုန်း၊ ငှက်ပျော ၊ နာနတ်စသောအသီးများ သီးရိုးသီးစဉ်ထက်လွန်၍ ဆန်းကြယ်စွာသီးသော ထိုရွာနယ် ချောက်ချားတတ်၏ ။

  ကြခတ်ဝါသီးသော် ၊ ဆိုင်ရာ ရွာ-ြမြို့နယ်ကပ်သုံးပါး ဆိုက်ရောက်တတ်။

  လူရိုးကို နွားစားသော် ၊ စပါးကို ခွေးစားသော် ၊ ဘေးအန္တာရာယ်များ၍ ငတ်မွတ်ရှားပါးတတ်၏။

  တိရစၦာန်များ ဇာတ်တူသားစားသော် အစားအစာကုန်ပစ္စည်း ရှားပါးတတ်၏ ။

  မွေ ၊ ကျီး၊ ကြွက် ပုဇင်း ကြောင်ပေါများသော် ထို့အတူ အစားအစာရှားပါတတ်သည် ။

  ပိုးဟပ်၊ ကြမ်းပိုး ပေါများသော " သန်းကြီး " ခေါ်ကိုယ်သန်းများပေါသော်ပြည်ရွာနယ်ပယ်အလုံး ပျက်စီးတတ်၏ 

  

  ဤပြခဲ့သည်ထက်ပို၍ တွေ့ကြုံရသော် အတိတ်နိမိတ်များကိုအထူးအဆန်းသဖွယ် ဖြစ်တိုင်းကောင်းသည်ဟု မယူဆရာ။ ပနှင့်ဆင်ခြင်၍ ခေတ်ကာလ အားလျော်စွာ အကျိုးအပြစ်ကို သိအပ်ပေသတည်း ။


      [ေ အာတပ္ပန ယတြာပေါင်းချုပ်ကျမ်းရင်းကြီး ] မှ


         ရှေး မြန် မာ များ နိ မိတ် ထူး များ ယူ ပုံ


            ဗဟုသုတအဖြစ်ပြန်လည်မျှဝေသည်။




No comments:

Post a Comment

သဗ္ဗညု ကျောက်စိမ်းစေတီတော်

 မြန်မာပြည်တွင်ကျောက်စိမ်းစတီ(၂)ဆူရှိပါတယ်။ တစ်ဆူကအမရပူရမြို့နယ်မှာရှိပြီး တစ်ဆူကတော့ နွားထိုးကြီးမြို့နယ် မှာတစ်ဆူရှိပါတယ်။ ယခုပုံမှာ နွားထ...